Thursday, February 15, 2018

Knowledge & Profession

လူတစ်ဖက်သားကို စိတ်ဓာတ်ခွန်အား
ရရှိလာအောင် အမြဲအားပေးတတ်သူ.....။

သူလေ့လာသမျှထဲက ကောင်းမွန်တဲ့အရာကို
မျှဝေတတ်သူ...နဲ့

လူတစ်ဖက်သားကို စိတ်ဓာတ်ကျအောင်
အမြဲပြစ်တင်ဝေဖန်တတ်သူ..

လူတကာရဲ့အပြစ်ကိုရှာပြီး အပြစ်တင်ဝေဖန်
ငါသိငါတတ်လုပ်ချင်သူ...

ဒီလူ ၂ဦးစလုံးက တစ်ဦးစီမှာ ရရှိလာတဲ့ အကျိုးရလာဒ်က
အရမ်းကွာခြားပါတယ်။

သူတပါးကို စိတ်ဓာတ်ကျအောင် စိတ်ထိခိုက်အောင်
တမင်တကာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသူတွေဟာ

သူတို့ရဲ့စေတနာအတိုင်း ဘဝတလျှောက်လုံး
ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်းနဲ့ ဖြတ်သန်းရပါတယ်။

ဘာလုပ်လုပ် အဆင်မပြေပါဘူး။

အဲဒီအတွက် လောကကြီးကို မတရားဘူးလို့
အမြဲ အပြစ်တင်လေ့ရှိပါတယ်။

သူတပါးကို စိတ်ချမ်းသာအောင် စိတ်ခွန်အားရအောင်
အားပေးသူတွေက သူတို့ကိုယ်တိုင် စိတ်ခွန်အားတွေ
ပြန်လည်ရရှိတယ်။

မနာလို တိုက်ခိုက်သူတွေကိုလည်း ဂရုစိုက်ဖို့ အချိန်မရှိဘူး။

ကောင်းမွန်တဲ့အရာတွေပဲ သူတို့ဆီလာတယ်။

ကြိုးစားသလောက်အရာထင်တယ်။

ဘယ်တော့မှ စိတ်ဓာတ်မကျတတ်ဘူး။

အရာရာကို အကောင်းမြင်စိတ်နဲ့
လွယ်လွယ် ကျော်ဖြတ်နိုင်တယ်။

ဘဝတစ်လျှောက်လုံး အောင်မြင်သွားကြတာများတယ်။

သင်ဘယ်လိုလူဖြစ်ချင်လဲ။

သင်ဖြစ်ချင်တဲ့ဘဝကို သင်ရွေးချယ်ပါ။

သူတပါးရဲ့ အပြစ်ကိုရှာ
သူတပါးအောင်မြင်မှုကို မနာလိုဖြစ်နေရပြီး...

သူတပါးအောင်မြင်မှုကိုတွန်းချပြီးမှ
ကျေနပ်ရတဲ့ ဘဝကိုလား။

သူတပါးကို စိတ်ခွန်အားရစေပြီး..
ရရှိလာတဲ့ အတွေ့အကြုံကို
ခွန်အားအဖြစ်ပြန်လည်မျှဝေပေးပြီး ..

မိမိမိတ်ဆွေ လုပ်ဖော်ကိုင်ဖက်တွေကို
ကူညီပေးခွင့်ရတဲ့
ခေါင်းဆောင်ဘဝကိုလား။

မိတ်ဆွေ ကိုယ်တိုင်ရွေးချယ်ပါ။

No comments:

Post a Comment

ဘုရင့်နောင်(အေဒီ ၁၅၁၅-၁၅၈၁)ကို ဟံသာဝတီဆင်ဖြူများရှင်   အဖြစ်လည်း အသိများပါသည်။ တပင်ရွှေထီး အစပျိုးခဲ့သည့်   ဒုတိယ ပြည်ထောင်စုမြန်မာနိုင်ငံ...