ကိုယ်ချစ်ရတဲ့သူ၊
တကယ်လို့ ကိုယ်တကယ်ချစ်ရတဲ့သူနဲ့တွေ့တဲ့အခါ
သူ့ကို ကြိုးစားလိုက်ပြီး တစ်သက်သာ ထာဝရလက်တွဲသွားနိုင်အောင်လုပ်ပါ၊
ဘာဖြစ်လို့လဲဆိုတော့ သူတစ်ချက်နောက်ပြန်လှည့်သွားတဲ့အချိန်
အရာအားလုံးဟာ နောက်ကျသွားမှာမို့လို့ပါ…
သူငယ်ချင်း၊
တကယ်လို့ ကိုယ်တစ်ကယ်ယုံကြည်ရတဲ့သူငယ်ချင်းနဲ့တွေ့တဲ့အခါ
သူနဲ့ ခင်မင်မှုကို ကောင်းမွန်အောင် ထိန်းထားပါ၊
ဘာဖြစ်လို့လဲဆိုတော့ လူ့တစ်သက်မှာ
သူ့အကြောင်းကိုယ်သိ၊ ကိုယ့်အကြောင်းသူသိနိုင်တဲ့သူငယ်ချင်းဆိုတာ ရှားပါးလို့ပါ…
ကျေးဇူးရှင်၊
တကယ်လို့ တစ်သက်မှာ ကျေးဇူးရှင်အချို့နဲ့တွေ့တဲ့အခါ
ကျေးဇူးတင်ဖို့ သတိရပါ၊
ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ မင်းဘ၀ရဲ့ မှတ်ကျောက်တိုင်လေးတွေ မို့လို့ပါ…
ချစ်ဖူးသူ၊
တကယ်လို့ အရင်က ချစ်ခဲ့ဖူးတဲ့ချစ်သူနဲ့တွေ့တဲ့အခါ
တစ်ချက်လောက်ပြုံးပြဖို့ သတိရပါ၊
ဘာဖြစ်လို့လဲဆိုတော့ သူဟာ သင့်ကို အချစ်အကြောင်းပိုနားလည်လာစေခဲ့လို့ပါ…
မုန်းဖူးသူ၊
တကယ်လို့ အရင်က မုန်းခဲ့ဖူးသူနဲ့တွေ့တဲ့အခါ
သွားနှုတ်ဆက်ဖို့ သတိရပါ၊
ဘာဖြစ်လို့လဲဆိုတော့ သူ့ကြောင့် သင် ပိုသန်မာလာတာမို့လို့ပါ…
ဖြတ်သန်းသူ၊
သင့်ဘ၀ထဲက ထွက်ခွာသွားတဲ့လူတိုင်းကို
ဘ၀ထဲခဏ၀င်လာပေးလို့ ကျေးဇူးတင်ပါ၊
ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာသင့်ရဲ့ အတိတ်မှတ်ဥာဏ်တွေကို တစ်စိတ်တစ်ဒေသပိုလှပလာစေလို့ပါ...
အထင်လွဲသူ၊
တကယ်လို့ သင်နဲ့ခဏခဏအထင်လွဲဖူးတဲ့သူနဲ့တွေ့တဲ့အခါ
အခုပဲ အထင်လွဲနေမှုကို သွားရှင်းပြလိုက်ပါ၊
ဘာဖြစ်လို့လဲဆိုတော့ နောက်တစ်ကြိမ်ထပ်ရှင်းပြမယ့်အချိန်ဆိုတာကို ရောက်နိုင်မယ်ဆိုတာ မသေချာလို့ပါ...
သစ္စာဖောက်သူ၊
တကယ်လို့ သင့်အပေါ် သစ္စာဖောက်ခဲ့ဖူးသူနဲ့တွေ့တဲ့အခါ
သူနဲ့ စကားလက်ဆုံသွားပြောလိုက်ပါ၊
ဘာဖြစ်လို့လဲဆိုတော့ သူ့ကြောင့်သင် ဒီကမ္ဘာကြီးအကြောင်းကို ပိုနားလည်လာတာမို့လို့ပါ…
Crush ၊
တကယ်လို့ အရင်က တိတ်တခိုးချစ်ခဲ့ဖူးသူနဲ့တွေ့တဲ့အခါ
သူပျော်ရွှင်ဖို့ နောက်ကွယ်ကပဲထပ်ပြီး တိုးတိုးတိတ်တိတ်ဆုတောင်းပေးပါ၊
ဘာဖြစ်လို့လဲဆိုတော့ သင်အရင်က တိတ်တခိုး Crush တုန်းက
သူပျော်ရွှင်နေတာပဲ မြင်ချင်ခဲ့တာမဟုတ်လား…
နောင်တ၊
အခွင့်အရေးဆုပ်ကိုင်မိပြီး အမှားလုပ်မိတာက တစ်ခဏ၊
အခွင့်အရေးကို လက်လွတ်သွားပြီး အမှားတောင်မလုပ်ခဲ့မိရင်တော့ တစ်ဘ၀၊
မတည်မြဲမှု၊
အတိတ်က ပြီးသွားပြီ၊
အနာဂတ်က မသေချာဘူး၊
လက်ရှိအချိန်က ဆုပ်ကိုင်ဖို့အကောင်းဆုံး၊ တန်ဖိုးထားဖို့အသင့်ဆုံး...
လက်တွဲမှု၊ ခွဲခွာမှု
သင်အချိန်မရွေးလက်တွဲလို့တော့ရတယ်၊
ဒါပေမယ့် အချိန်မရွေး ခွဲခွာစကား ပြောလို့တော့မရဘူး၊
ကံကောင်းမှု၊
ကမ္ဘာပေါ်ကလူပေါင်း ၇ဘီလီယံကျော်ရှိတဲ့ထဲမှာမှ လူနှစ်ယောက်တွေ့ဆုံဖို့ဆိုတာ
၇ဘီလီယံပုံမှ တစ်ပုံပဲရှိတာပါ၊
ပိုပြီးကံကောင်းတာက
သင်ချစ်တဲ့အဲဒီလူတစ်ယောက်က ကံအားလျော်စွာပဲ သင့်ကိုပဲချစ်နေတာ မို့လို့ပါ၊
ရေစက်ကိုတန်ဖိုးထားပါ၊
ပွေ့ဖက်နိုင်တယ်ဆိုပြီး လက်တွဲရုံလောက်ပဲသဘောမထားနဲ့၊
လက်တွဲနိုင်တယ်ဆိုပြီး ပခုံးချင်းယှဉ်ရုံလောက်ပဲသဘောမထားနဲ့၊
ပခုံးချင်းယှဉ်နိုင်တယ်ဆိုပြီး လမ်းခွဲဖို့ကို လွယ်လွယ်လေးမပြောနဲ့…
လက်တွဲဖော်၊
သင်နဲ့တစ်ဘ၀လုံးတူတူလက်တွဲမယ့် လက်တွဲဖော်ရှိရင်
သူ့ကို စိတ်ထဲမှကျေးဇူးတင်ပါ၊ ဂရုစိုက်ပါ၊ ချစ်မြတ်နိုးပါ၊
ဘာဖြစ်လို့လဲဆိုတော့ သူ့ကြောင့် သင်ဟာ အချစ်စစ်နဲ့  ပျော်ရွှင်မှုကို နားလည်လာခဲ့လို့ပါ။
Credit

No comments:
Post a Comment